ASOCIO ၂၀၂၁ ဆုပေးပွဲမှာ ကျန်းမာရေးနှင့် နည်းပညာ အသိအမှတ်ပြုခံရမှုများကို မိခင်နိုင်ငံသို့ သယ်ဆောင်လာပေးနိုင်တဲ့ HOPE TeleCare Myanmar နှင့် JV Partner DOC2US
ရန်ကုန် မြန်မာ - Media OutReach - 2 ဒီဇင်ဘာ ၂၀၂၁ - HOPE TeleCare သည် မြန်မာတွင် စွယ်စုံ ဒစ်ဂျစ်တယ် ကျန်းမာရေး ပလက်ဖောင်းတစ်ခုဖြစ်ပြီး JV Partner, DOC2US သည် သမုဒ္ဒရာနှင့် ထိစပ်နေသည့်-အာရှနိုင်ငံများဆိုင်ရာ ကွန်ပျူတာလုပ်ငန်း အဖွဲ့အစည်း (ASOCIO)၏ ၂၀၂၁ ခုနှစ် ဆုပေးပွဲတွင် ကျန်းမာရေးနှင့် နည်းပညာပိုင်း၌ ဦးဦးဖျားဖျား ဆုဆွတ်ခူးနိုင်ခဲ့ပြီး HOPE TeleCare ၏ ရည်မှန်းချက်ဖြစ်သည့် လူတိုင်း ရယူသုံးစွဲနိုင်၊ တတ်နိုင်ပြီး တန်းတူညီမျှဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်သည့် ဝန်ဆောင်မှုများကို မြို့ပြရော ကျေးလက်များတွင်ပါ ကူညီပေးရေးကို အသိအမှတ်ပြုခံခဲ့ရပြီဖြစ်သည်။
သမုဒ္ဒရာနှင့် ထိစပ်နေသည့်-အာရှနိုင်ငံများဆိုင်ရာ ကွန်ပျူတာလုပ်ငန်း အဖွဲ့အစည်း (ASOCIO) သည် ICT ဖက်ဒရေးရှင်းတစ်ခုဖြစ်ပြီး ဒေသတွင်းရှိ ကွန်ပျူတာလုပ်ငန်းကို မြှင့်တင်ရန်၊ အားပေးရန်၊ ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် အာရှပစိဖိတ်တလွှားရှိ စီးပွားရေးလုပ်ငန်း ၂၄ ခုကို ကိုယ်စားပြုထားသည် ICT အဖွဲ့အစည်းများကို စုစည်းထားခြင်းဖြစ်သည်။
"ကျွန်တော်တို့ရဲ့ ပလက်ဖောင်းတွေကနေ အလွှာစုံက လူတိုင်းဆီ ကျန်းမာရေးစောင့်ရှောက်မှုရအောင်လုပ်နိုင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာသုံးခဲ့တယ်ဆိုတာ သိပြီးတော့ ကျွန်တော်တို့ရဲ့ မိတ်ဘက်ဖြစ်တဲ့ DOC2US နဲ့အတူတွဲပြီး ဒီဆုကို ရတဲ့အတွက် ကြည်နူးမိပါတယ်။ HOPE TeleCare မှာတော့ ကျွန်တော်တို့ စွဲစွဲမြဲမြဲ ယုံကြည်တာက အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်း ရသင့်တယ်ဆိုတာပါပဲ။ ဒီဆုဟာဆိုရင် နိုင်ငံတလွှားမှာရှိတဲ့ လူနာတွေအတွက် ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုရုံမကဘဲ မြန်မာပြည်သူများအတွက် မြှင့်တင်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဂေဟစနစ်တစ်ခုဆီရောက်အောင် ဆက်လက် အလုပ်လုပ်ကိုင်ရာမှာ ကျွန်တော်တို့ကို တက်ကြွအောင်လည်း လုပ်ပေးပါတယ်။" လို့ HOPE TeleCare Myanmar ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးထွန်းထွန်းနိုင်က ဆိုပါတယ်။ ဓာတ်ပုံရဲ့ ဘယ်ဘက်မှာဆိုရင် ဆုများနဲ့အတူ သူ့ကို တွေ့ရမှာဖြစ်ပြီး အတူပါရှိသူကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဌာနမှူး ဦးကောင်းထက်ဖြစ်ပါတယ်။
ASOCIO 2021 မှာ ဆုများကို လက်ခံရယူခြင်းအပြင် HOPE Telecare ဟာ ကမ္ဘာသတင်းအချက်အလက်နည်းပညာနှင့် ဝန်ဆောင်မှု မဟာမိတ် (WITSA) 2021 ကမ္ဘာလုံးဆိုင်ရာ ICT ထူးချွန်ဆုပေးပွဲတွင်လည်း ပုဂ္ဂလိက ကဏ္ဍ/ NGO အတွက် ဆန်းသစ်တီထွင်မှုရှိသော အီလက်ထရောနစ်စနစ်သုံး ကျန်းမာရေး ဖြေရှင်းမှုများခေါင်းစဉ်အောက်တွင်လည်း ဆုရရှိခဲ့ပါတယ်။
HOPE ရဲ့ နည်းပညာပိုင်း မိတ်ဘက်ဖြစ်တဲ့ DOC2US ဟာ ဒစ်ဂျစ်တယ်သုံး ကျန်းမာရေးစောင့်ရှောက်မှု ပလက်ဖောင်းကို ဆောင်ရွက်၊ ပံ့ပိုးပေးတဲ့၊ အခက်အခဲကြုံရချိန်တွေမှာတောင် ပံ့ပိုးမှုပေးနိုင်တဲ့စနစ်ကို ပံ့ပိုးပေးပါတယ်။
"ဆုရဖို့ ဒီအဆိုပြုခံရမှုအတွက် ကျွန်တော်တို့က PIKOM ကို ကျေးဇူးတင်စကားဆိုချင်ပါတယ်။ ဒီဆုဟာ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းကို ဒစ်ဂျစ်တယ်နည်းလမ်းလုပ်ဆောင်ခြင်းကို အားပေးရန်ဆိုတဲ့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကို တကယ့်ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်ပြီး ဒေသတွင်းရော၊ ဒေသတွင်းပြင်ပမှာ ဒစ်ဂျစ်တယ်သုံး ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာမှာ အဆင့်မြှင့်တင်နေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုခြင်းတစ်ခုဖြစ်တာကြောင့် ဒီဆုကို လက်ခံရရှိတဲ့အတွက် ကျွန်တော်တို့ တကယ့်ကို ဂုဏ်ယူမိပါတယ်။ မလေးရှားပြည်သူအားလုံးထံကို ပိုပြီး သုံးခွင့်ရနိုင်၊ ချိတ်ဆက်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပလက်ဖောင်းတစ်ခု ဆက်လက်ပံ့ပိုးပေးဖို့နဲ့ အလားတူ ဒီဒစ်ဂျစ်တယ်ခေတ်မှာ ကျွန်တော်တို့ရဲ့ မိတ်ဘက်တွေနဲ့ ဒေသတွင်းမှာ ရှေ့ဆက်ဖို့ အတူတကွ အလုပ်လုပ်သွားကြမယ်လို့ ကတိပြုပါတယ်" DOC2US ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ ဒေါက်တာ ရေးမွန်းချွိုင်က ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ ဒစ်ဂျစ်တယ်နည်းလမ်းအရ ဖန်တီးထည့်သွင်းထားတဲ့ အီလက်ထရောနစ်သုံး ဆေးဝါးညွှန်ကြားပေးမှုများကို ထုတ်ဝေခဲ့တဲ့ ပထမဆုံး တယ်လီဖုန်းဆက်သွယ်ရေးသုံး ဆေးကုသမှုပေးသူဖြစ်တဲ့ DOC2US ဟာ သူ့ရဲ့ ပလက်ဖောင်းကနေ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ကျွမ်းကျင်သူတွေနဲ့ ထိတွေ့ခွင့်ရစေတဲ့အတွက် မလေးရှားပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ ရုန်းကန်ရမှုတွေ လျော့ပါးသက်သာအောင် ကူညီပေးခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ ပြင်းထန်စွာကူးစက်ပျံ့ပွားချိန်နဲ့ သွားလာရေးနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေ ရှိချိန်အတွင်းမှာ DOC2US ဟာ သန်းတစ်ဝက်မျှသော မလေးရှားပြည်သူတွေကို ဆရာဝန်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ကျွမ်းကျင်သူတွေနဲ့ ချိန်ခါနေရာမရွေး ချိတ်ဆက်နိုင်အောင် ကူညီပေးပါတယ်။
過去的新聞稿
30 November 2021